Posts

Showing posts from January, 2018

အဌာရသ ၁၈ ရပ်ဆိုသည်မှာ (credit : သမိုင်းကြောင်း အစုံအလင် )

Image
အဌာရသ (၁၈) ရပ် ဆိုသည်မှာ ရှေးသမိုင်း ၊ ပုံပြင် ၊  ဒဏ္ဍာရီများကိုဖတ်မိလျှင် ဘုရင်မျိုးနွယ် ၊ မင်းညီမင်းသားများသည် အရွယ်ရောက်ပါက တက္ကသိုလ်ပြည်သို့သွားကာ ဒီသာပါမောက္ခဆရာကြီးထံတွင် အဌာရသ ပညာရပ်များကို သင်ကြားတဲ့အကြောင်း မကြာခဏတွေ့ဖူးပါလိမ့်မယ်။ မသင်မဖြစ်သင်ရတဲ့ ပညာတွေလို့ ဆိုပါတယ်။ ထို ယောက်ျားတို့တပ်အပ်သော အဌာရသ (၁၈) ရပ် တို့မှာ အမျိုးအစား စုံလင်လှသည်။ ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန်လျှင်ပင် ဆရာတစ်ဆူလုပ်လို့ရသည်။ (၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။ စာတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိန် က ၃ နှစ် လို့ကြားဖူးပါတယ်။ ၃နှစ်တည်းနဲ့ ဒီလောက်စုံလင်တဲ့ လက်ရုံးရည် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။ ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာ မေဂျာယူသလို သူတို့လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။ ထို အဌာရသ ပညာရပ် ၁၈ ရပ်က ဘာတွေလဲ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ အဌာရသ ၁၈ ရပ်မှာကား အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ အကြားအမြင်အတတ် (သုတိ) ၂။ ဓမ္မသတ်တတ်ကျွမ်းမှုအတတ် (သမ္မုတိ) ၃။ အရေအတွက် ဂဏန်းသချာင်္ အတတ် (သင်္ချာ) ၄။ တံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတ

ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် မီယာမီအသင်းသစ် မိတ်ဆက် copy 5 + news

Image
ဒေးဗစ်ဘက်ခမ်း ရဲ့  မေဂျာလိဂ်​ကလပ်​ မိုင်ယာမီ အသင်းသစ် မိတ်ဆက် ********************************************************** အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း ကို အမေရိကန် ပြည်ထောင်စု မိုင်ယာမီ အခြေစိုက် ဘောလုံးအသင်းထူထောင်ခွင့်အတွက် မေဂျာလိဂ်က အတည်ပြုပေးလိုက်ပြီလို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ ဘက်ခမ်းဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းစုဟာ မိုင်ယာမီ အခြေစိုက် ဘောလုံးအသင်း ထူထောင်ပြီး မေဂျာလိဂ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ (၂၀၁၄) ခုနှစ်ကတည်းက ကြိုးပမ်းလာခဲ့တာပါ။ အခုအခါမှာတော့ မိုင်ယာမီမှာ ပရိသတ် (၂) သောင်းခွဲဝင်ဆန့်မယ့် ဘောလုံးကွင်းကြီး တည်ဆောက်ဖို့ မြေနေရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဘက်ခမ်းကိုယ်တိုင် ကြေညာခဲ့ပြီး နာမည်ကြီး အားကစားသမားတွေဖြစ်တဲ့ ဆယ်ရီနာ ၀ီလျံ၊ နေမာ၊ အူစိန်ဘော့၊ သရုပ်ဆောင် ၀ီလ်စမစ် ၊ Hip Hop အဆိုတော် ဂျေ ဇီး တို့အပါအ၀င် ကြယ်ပွင့်များစွာက ဘက်ခမ်းရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ဗီဒီယိုတိပ် ထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘက်ခမ်း ထူထောင်မယ့် အသင်းရဲ့ အမည်၊ အသင်း အမှတ်တံဆိပ် အပါအ၀င် အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ဘက်ခမ်းကတော့ အ

taxi တွေမှာပါတဲ့ စတစ်ကာ လိုက်ကာ နဲ့ ကြောငြာတွေကို ဖယ်ရှားပေးဖို့ထုတ်ပြန် 7 day

Image
“အဌားယာဉ်တွေမှာ စတေကာ ၊လေစုပ်ခွက် ၊ကြော်ငြာနဲ့လိုက်ကာတွေတပ်ဆင်တာကိုအမြန်ဆုံးဖယ်ရှားဖို့ထုတ်ပြန်” ရန်ကုန်တိုင်းအတွင်းမှာ ပြေးဆွဲနေတဲ့  အဌားယာဉ် (Taxi) တွေမှာ ကားမှန်တွေကို စတေကာ ၊ လိုက်ကာ နဲ့ ကြော်ငြာတွေ ကာရံတပ်ဆင်ထားတာကို အမြန်ဆုံးဖယ်ရှားပေးဖို့ ရန်ကုန်တိုင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ မဖယ်ရှားဘဲ ဆက်လက်တပ်ဆင်ပြီးမောင်းနှင်နေရင်တော့ ဖေဖော်ဝါရီလ  ၁ရက်နေ့ကစပြီး လုပ်ငန်းလိုင်စင်ဖျက်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ လဲ သတိပေးထားပါတယ်။ အဌားယာဉ်တွေမှာ စကေကာတွေ ၊လေစုပ်ခွက် ၊ ကြောငြာတွေ နဲ့ လိုက်ကာတွေ  ကာရံတပ်ဆင် အကာအကွယ်ယူပြီး မူခင်းကျ ဆင်းရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို လျစ်လျူရှုကာ ဒုစရိုက်ကျူးလွန်မှုတွေ ဖြစ်ပေါ်နေတာကြောင့်  အမြန်ဆုံးဖယ်ရှား ပစ်ဖို့ သတိပေးနှိုးဆော်တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 7 Day & မေ သတင်းရပ်ကွက်

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)

Image
Yangon Postal Code လိုအပ်သူများအတွက်နော် ==================== Are you looking for Post Codes or Zip Codes for your township? Ahlone - 11121 Aung San - Insein  - 11012 Bahan   - Bahan - 11201 Bayintnaung Market (Thamine) - Mayangone  - 11062 Bogyoke Market  - Pabedan  - 11143 Botahtaung - Botahtaung - 11162 Botahtaung - Botahtaung  - 11161 Dagon   - Dagon  - 11191 Dagon Myothit (North) - Dagon Myothit (North) - 11421 Dagon Myothit (South) - Dagon Myothit (South) - 11431 Dawbon  - Dawbon - 11241 Hlaing - Hlaing - 11051 Hlaing Thar Yar - Hlaing Thar Yar  - 11401 Insein - Insein - 11011 Kaba Aye  - Mayangone  - 11061 Kamayut - Kamayut  - 11041 Kyauk Tan - Kyauk Tan  - 11301 Kyauktada  - Kyauktada  - 11182 Kyeemyindaing   - Kyimyindaing  - 11101 Lanmadaw  - Lanmadaw  - 11131 Mingalar Taung Nyunt  - Mingalar Taung Nyunt  - 11221 Mingalardon  - Mingalardon  - 11021 Okkalapa (North) - Okkalapa (North) - 11031 Okkalapa (South) - Okkalapa (South) - 11091 Pabedan - Pab

momolay ထံမှကူးယူ ဖော်ပြသည်( အောင်မြင်သူတို့အကြောင်း )

Image

၂၀၂၀ တိုကျိုအိလံပစ် မြန်မာအမျိုးသား/အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ( သတင်းကူး မြန်မာဘောလုံးအဖွဲ့ချုပ်မှ)

Image
၂၀၂၀ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲသို့ မြန်မာအိုလံပစ် အမျိုးသားနှင့် အမျိုးသမီးအသင်းများ ခြေစစ်ပွဲအဆင့်မှ စတင်ဝင်ရောက် ယှဉ်ပြိုင် ကစားမည် ================================================= Olympic Football Tournament 2020 (Tokyo) အိုလံပစ်ဘောလုံးပွဲစဉ်များအား မြန်မာ့လက်ရွေးစင် အမျိုးသား အိုလံပစ် အသင်းနှင့် အမျိုးသမီး အိုလံပစ် အသင်းတို့ ခြေစစ်ပွဲအဆင့်မှ စတင်ကာ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲများအား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ  ၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။  မြန်မာ အမျိုးသား အိုလံပစ် အသင်းအနေဖြင့် AFC U23 Championship ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ်မတ်လတွင် ဦးစွာ ၀င်ရောက်ကစားရမည် ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ပါက နောက်ဆုံးအဆင့် ပွဲစဉ်များတက်ရောက် ကစားရမည်ဖြစ်သည်။ အဆိုပါ AFC U23 နောက်ဆုံးအဆင့် Final Round ပွဲစဉ်များ ကစားပြီးပါက ချန်ပီယံ အသင်း၊ ဒုတိယဆုရ အသင်းနှင့် တတိယ ဆုရ အသင်းများသည် တိုကျိုအိုလံပစ် ၂၀၂၀ ဘောလုံးပွဲစဉ်များသို့ အလိုအလျောက် ယှဉ်ပြိုင်ကစားခွင့် ရမည်ဖြစ်သည်။ အမျိုးသမီးအသင်းများမှာမူ ခြေစစ်ပွဲများ ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲက

၇ ရက်သားသမီးများအတွက်

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း (22.1.2018မှ28.1.2018) တနင်္ဂနွေ သားသမီး ဤအချိန်တွင်ပြည်တွင်းပြည်ပကိစ္စရေးရာအဖြာဖြာဆောင်ရွက်ရရန်အခွင့်အခါကောင်းကျရောက်သောအချိန်ဖြစ်ပါတယ်။စိတ်ကူးသစ်နှင့်လုပ်ငန်းသစ်များဆောင်ရွက်ခြင်ဖြင့် အထူးခြားသောအကျိုးဆက်များဖြစ်ထွန်းလာမည်။ဖန်စီလုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊ကျောက်မျက်ရတနာရောင်းဝယ်ခြင်လုပ်ငန်းများကောင်း၏။အထူးသဖြင့်တစ်ပါးသူ၏ကြားခံဝင်ရောက်ပြောဆိုမှုများနှင့်မိသားစုတွင်ခေါင်းဆောင်လုပ်ခြင်းများသတိထားရမည့်အချိန်ဖြစ်ပါတယ်။အိမ်မြေယာများဝင်ကိန်းရှိသည်။လူမျိုးကွဲများနှင့်ဆက်ဆံလုပ်ကိုင်သောအလုပ်များကောင်မည်။မေတ္တာရေးတွင်အသေးစားပြဿနာများကိုအကျယ်ချဲ့၍ပဠိပက္ခဖြစ်ကာလမ်းခွဲရခြင်းများကြုံရမည်။အိမ်ထောင်ရေးစိတ်သဘောထားကြီးကြီးထားသင့်သည်။ မသွားလိုသောခရီးများသွားရတတ်သည်။ပညာရေး အထူးကောင်းသည်။ကျန်းမာရေးအဖျားအနာမဖားမည်။နှလုံး၊ဆီံး၊အဂါင်္ဇာတ်အစရှိသောရောဂါများခံစားရတတ်သည်။ အထူးယတြာ။ ဘုရားမှာမေမြို့ပန်း၊အောင်သပြေပန်း၊ကံကော်ပန်းများလှူပေးပါ တနလာင်္သားသမီး ဤအချိန်တွင် လုပ်ငန်းပြောင်းလိုစိတ် နေရာပြောင်းလိုစိတ်များဖြစ်နေတတ်သည်။ပြောင်ရွှေ့လုပ်ကိုင်လျှင်ကောင်သည်။ခရီးသွားလာရမည်။ကုန

နှင်းဆီအငြိမ့်

နှင်းဆီအငြိမ့် live https://plus.google.com/114732860268939964983/posts/de3xpdemdKP

Myanmar Idol S3 ပြိုင်ပွဲဝင်မည့်သူများအတွက်သိသင့်သောအချက်အလက်များ

Image
Myanmar Idol Season 3 ပြိုင်ပွဲဝင်မည့်သူများအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ် Myanmar Idol Season 3 မှာ ဝင်ပြိုင်ဖို့ဆုံးဖြတ်ထားတဲ့သူတွေ Ready ပဲလား?? ပြိုင်ပွဲရက်ကလည်း သိပ်မလိုတော့ဘူးဆိုတော့ အားလုံးလည်း ရင်ခုန်နေကြမယ် ထင်ပါတယ်နော်။ ဒီတော့.. Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဂီတဝါသနာရှင်လေးတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေနဲ့ လာပြိုင်တဲ့အခါ အဆင်ပြေစေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။ • ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ဘယ်လိုထုတ်ယူရမလဲ?  အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Sky Net RSP ရုံးများနဲ့ SHWE FM ရုံးတို့မှာ ပြိုင်ပွဲဝင်လျှောက်လွှာ(Form) တွေကို ထုတ်ယူနိုင်ပါတယ်။ မခက်ပါဘူးနော်။ • ပဏာမအသံစစ်ဆေးတဲ့နေ့၊ အသံစစ်ဆေးမယ့်နေရာရောက်မှ ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ကို ထုတ်ယူပြီး တစ်ခါတည်းယှဉ်ပြိုင်လို့ ရပါသလား?  သိပ်ရတာပေါ့..။ ပဏာမအသံစစ်ဆေးတဲ့နေ့၊ အသံစစ်ဆေးမယ့်နေရာမှာလည်း ပြိုင်ပွဲဝင်လျှောက်လွှာ(Form) တွေကို အလွယ်တကူ ထုတ်ယူလို့ရအောင် စီစဉ်ပေးထားမှာပါ။ • ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ပိတ်ရက် ရှိပါသလား?  ရန်ကုန်မြို့ရဲ့ ပဏာမအသံ

ခွန်အားဖြစ်စေသောပြောစကားများ

Image

စိတ်ဖိစီးမှုတွေဖြစ်လာရင်

Image
စိတ်ဖိစီးမှုတွေလျော့ချပေးပါ ------------------------- ကိုယ့်ဆရာတို့လုပ်ငန်းခွင်တို့ ဘယ်နေရာဖြစ်ဖြစ် စိတ်ပင်ပန်းတာ, စိတ်ဖိစီးတာ ဖြစ်တတ်ကြတယ်လေ ... အဲ့အခါ ဘယ်လိုဖြေရှင်းကြလဲဗျ ? ဒေါသရှေ့ထားရင်မှား တတ်တယ်လေ ... ဘယ်လို စိတ်ညစ်စရာ အခက်အခဲ တွေ ပင်ပမ်းမှုတွေပဲ ကြုံကြုံ ကျွန်တော်ပြောပြတဲ့ အချက် (၉) ချက်အတိုင်း လိုက်လုပ်ကြည့်ဗျာ ... ဒေါသထွက်ရင်, စိတ်ပင်ပမ်းရင် နှလုံးခုန် မှန် တာတွေ ရုတ်တရက် သွေးတိုးတာတွေဖြစ်တတ်တယ် ဗျ ! ကျန်းမာရေးကိုလဲ ထိခိုက်စေတယ်လေ .. အရွယ်မတိုင်ခင် ရုပ်ရည် ရင့်ရော်စေတာလဲ ဖြစ်တတ်တယ် ဗျ ... စိတ်ဖိစီးမှုတွေလျော့ကျအောင် -သူငယ်ချင်းတွေနဲ့ကခုန်တာတွေလုပ်ပေးပါ -လမ်းလျှောက်ထွက်ပါ -တစ်စုံတစ်ဦးကိုရင်ဖွင့်ပါ -လေကို ရှုသွင်း ရှုထုတ်ခြင်းဖြင့် အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ -ည အိပ်ချိန် စောစော ဝင်ပါ -သင်လုပ်ဆောင်နိုင်မယ့် အရာတစ်ခုကို အဓိက ပစ်မှတ်ထားပြီးလုပ်ဆောင်ပါ -ကောင်းမွန်တဲ့ အတိတ်တွေကိုပြန်စဉ်းစားပါ -သူငယ်ချင်း , မိသားစု , ချစ်ရသူတွေကို ထွေးပွေ့ခိုင်းပါ -လွပ်လပ်စွာရယ်မောပေးခြင်းဖြင့် ဆရာတို့ ခံစားနေရတဲ့ စိတ်ပင်ပမ်းမှုတွေ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ် ဗျာ ... အဲ့

ဘဏ်တိုးအကြောင်းသိကောင်းစရာ

Image
ဘဏ်တိုး အကြောင်း သိထား​ကောင်းစရာရှဲယူထား​နော်​ ဘဏ်တိုး အကြောင်း သိထားရန် တစ်နှစ်ကို .. ၈.၅% တစ်လကို .. ၀.၇% တစ်လအတွက် အတိုးက ငွေ ၁၀၀ ကို .. ပြား ၇၀ ငွေ ၁၀၀၀ ကို .. ၇ကျပ် ငွေ ၁၀၀၀၀ ကို .. ၇၀ ငွေ ၁၀၀၀၀၀ ကို .. ၇၀၀ ငွေ ၁၀ သိန်းကို ... ၇၀၀၀ ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း ရပါမယ် .. စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ် ၁၀သိန်း ကို .. တစ်နှစ် ၁သိန်း သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း .. သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် .. (တစ်နှစ် အတွင်းလုံးဝမထုတ်ရ ) (တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ ) စာရင်းသေကို .. ၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ .. အမျိုးမျိုး ထားလို့ ရပါတယ် .. အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် .. လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး .. ၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် .. လကြာလေလေ .. အတိုးပိုပိုများလေလေပါ .. ဘဏ် တစ်ခုနဲ့ တစ်ခု .. အတိုးနှုန်း အ

ကော်ဖီကိုအလွန်အကဲသောက်သုံးသင့်ပါသလား

Image

နှင်းဆီအဖွဲ့သားများရန်ပုံငွေကပြဖျော်ဖြေမည် (skynet : credit)

Image
ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား - မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း၏ ရခိုင်ဒေသပြန်လည်ဖွံ့ဖြိုးရေးအတွက် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီနယ်နမိတ်အငြိမ့် ဖျော်ဖြေပွဲကို (၂၀.၁.၂၀၁၈)ရက်(စနေနေ့)၊ ည(၇း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပါသည်။ ထိုအငြိမ့်ပွဲတွင် လူရွှင်တော် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးနှင့် မင်းသမီး ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ တို့မှ ဖျော်ဖြေ၍ အခြားနာမည်ကြီးအနုပညာရှင်များစွာတို့မှလည်း ပါဝင်အားဖြည့်ကူညီကြမည်ဖြစ်ပြီး Channel-9၊ MNTV(FTA) နှင့် Pay Per-View ရုပ်သံလိုင်းတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပါကြောင်းနှင့် ရခိုင်ဒေသပြန်လည်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေများလှူဒါန်းလိုပါက ဖုန်း၊ 09-443666798၊ 09-964766798၊ 09-765766798 တို့သို့ဆက်သွယ်၍ အလှူငွေများထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ [Unicode Version] ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား - မြန်မာနိုင်ငံအစည်းအရုံးမှ က

ပထမဆံုးမ်ား(Myanmar)

Image

မှတ်သားဖွယ်ရာပညာရှိပြောစကားများ(photo by ဝန်ဇင်း)

Image