ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် မီယာမီအသင်းသစ် မိတ်ဆက် copy 5 + news

ဒေးဗစ်ဘက်ခမ်း ရဲ့  မေဂျာလိဂ်​ကလပ်​ မိုင်ယာမီ အသင်းသစ် မိတ်ဆက်
**********************************************************

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း ကို အမေရိကန် ပြည်ထောင်စု မိုင်ယာမီ အခြေစိုက် ဘောလုံးအသင်းထူထောင်ခွင့်အတွက် မေဂျာလိဂ်က အတည်ပြုပေးလိုက်ပြီလို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ ဘက်ခမ်းဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းစုဟာ မိုင်ယာမီ အခြေစိုက် ဘောလုံးအသင်း ထူထောင်ပြီး မေဂျာလိဂ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ (၂၀၁၄) ခုနှစ်ကတည်းက ကြိုးပမ်းလာခဲ့တာပါ။ အခုအခါမှာတော့ မိုင်ယာမီမှာ ပရိသတ် (၂) သောင်းခွဲဝင်ဆန့်မယ့် ဘောလုံးကွင်းကြီး တည်ဆောက်ဖို့ မြေနေရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဘက်ခမ်းကိုယ်တိုင် ကြေညာခဲ့ပြီး နာမည်ကြီး အားကစားသမားတွေဖြစ်တဲ့ ဆယ်ရီနာ ၀ီလျံ၊ နေမာ၊ အူစိန်ဘော့၊ သရုပ်ဆောင် ၀ီလ်စမစ် ၊ Hip Hop အဆိုတော် ဂျေ ဇီး တို့အပါအ၀င် ကြယ်ပွင့်များစွာက ဘက်ခမ်းရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ဗီဒီယိုတိပ် ထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘက်ခမ်း ထူထောင်မယ့် အသင်းရဲ့ အမည်၊ အသင်း အမှတ်တံဆိပ် အပါအ၀င် အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ဘက်ခမ်းကတော့ အခုလို မေဂျာလိဂ်ရဲ့ အတည်ပြုချက် ရရှိသွားတာဟာ သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေ စတင်အကောင် အထည်ဖော်လာတာဖြစ်ပြီး ၀မ်းသာပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။ ဘက်ခမ်းဟာ (၂၀၀၇) ခုနှစ်က LA ဂလက်ဆီ အသင်းနဲ့ စာချုပ်ချုပ်ခဲ့ချိန်က မေဂျာလိဂ်က အသစ်တိုးချဲ့မယ့် ဘောလုံးကလပ် အသင်းတစ်သင်းကို ဒေါ်လာ (၂၅) သန်းနဲ့ ၀ယ်ယူခွင့်ရထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။


Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)