Posts

Myanmar Idol အသံစစ်ဆေးမှု (ရန်ကုန်) နေ့ရက်များ credit by myanmar idol fb page

Image
R You Ready YANGON! - Myanmar Idol Season 3 ရဲ့ နောက်ဆုံး အသံစစ်ဆေးမှုများဖြစ်တဲ့ Yangon မြို့ရဲ့ နေ့ရက်များကတော့ ရောက်ရှိလာပါပြီ။ Febuary 20/21/22 နေ့တွေမှာ အသံစစ်ဆးမှု များကို ရန်ကုန်မြို့၊ တာမွေ အရှေ့မြင်းပြိုင်ကွင်းလမ်း မှာရှိတဲ့ ရွှေထွဋ်တင်ကွင်းကြီးထဲက Hexagon Complex ထဲမှာကျင်းပပြုလုပ်မှာ ဖြစ်လို့ ပြိုင်ပွဲဝင်များအနေနဲ့ နောက်ဆုံးအခွင့်အရေးအဖြစ်လက်လွတ်မခံဖို့ပြောပါရစေ။ ပြိုင်ပွဲဝင်လူငယ်ပေါင်းများစွာ လာရောက်အသံစစ်ဆေးမှာဖြစ်လို့ ပြိုင်ပွဲဝင်များအတွက်တစ်ပါတည်း ယူဆောင်လာရမည့်  လိုအပ်ချက်များကိုလည်း အသိပေးပါရစေ။ - မှတ်ပုံတင်(သို့) ပုံစံ(၁၀) အိမ်ထောင်စုစာရင်းယူ    ဆောင်လာရပါမည်။ - ရာသီဥတုပူပြင်းသည့်အတွက် မိမိလိုအပ်သည့်ဆေး   ဝါးပစ္စည်းများ၊ အစားအသောက်များ နှင့် ထီး ယူ   ဆောင်လာရပါမည်။ဓါတ်ဆားရည်/ ရေဓါတ်ပြန်   လည်ဖြည့်တင်ပေးသောအချိုရည်များ ယူဆောင်   လာရပါမည်။ - ပေါ့ပါးသောအဝတ်အစားနှင့် သက်တောင့်သက်    သာရှိသောဖိနပ်ကို ဝတ်ဆင်လာပါရန်           - အသက် (၁၈) နှစ်မပြည့်သေးသော ပြိုင်ပွဲ    ဝင်များအနေနှင့် အုပ်ထိန်းသူ/ မိဘ နှင့်လာ    ရောက်ယှည်ပြိုင်ပါရန် လေးစားစွာပန်ကြား    အပ်ပါသည်။

ထူးထူးဆန်းဆန်း နှစ်ဖက်မောင်းတဲ့ကားတဲ့ photo : credit

Image

ကာဂျစ်နှင့်မြန်မာ အာရှခြေစစ်ပွဲကို ကိုရီးယားက အင်ချွန်းမြို့မှာကစားဖို့ AFC မှဆုံးဖြတ် (သတင်း 5 plus news ဓာတ်ပုံ မြန်မာဘောလုံးအဖွဲ့ချုပ်)

Image
ကာဂျစ္စတန်နှင့်မြန်မာ အာရှဖလား ခြေစစ်ပွဲစဉ် ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့တွင်ကစားရန် AFC ဆုံးဖြတ် ********************************* ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ကာဂျစ္စတန် နဲ့ မြန်မာ ပွဲစဉ်ကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ Incheon Football Stadium မှာ ယှဉ်ပြိုင်ကစားဖို့ အာရှဘောလုံး အဖွဲ့ချုပ်က ဒီကနေ့ ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင်စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။ အဆိုပါ ပွဲစဉ်ကို ကနဦး ဆုံးဖြတ်ထားတဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲကစားမယ့် အချိန် Kick Off Time ကိုမူ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ မြန်မာ နဲ့ ကာဂျစ်တို့ ဟာ ပထမ အကျော့က ရန်ကုန်တွင် (၂-၂)ဂိုး သရေကျခဲ့ပြီး အုပ်စုတက် ရေးအတွက် ဒုတိယအကျော့ ပွဲစဉ်ဟာ  နှစ်သင်းစလုံးအတွက် အရေးပါဆုံး အဆုံးအဖြတ် ပွဲစဉ်လည်းဖြစ်ပါတယ်။ မြန်မာအသင်း ဟာ ကာဂျစ္စတန် နဲ့ ပွဲကျန် ကစားပြီးနောက် ၅ ရက်အကြာ မတ်လ ၂၇ ရက်နေ့ မှာ မကာအို လက်ရွေးစင် အသင်း နဲ့  ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ရန်ကုန်မြို့မှာ အိမ်ရှင်အဖြ

WLC4 ပွဲရဲ့ အစီစဉ်တင်ဆက်သူအဖြစ် Asia's Got Talent မှ ဂျက်စတင်ဘရစ်တန် ဆောင်ရွက်မည်

Image
Copy: WLC FACEBOOK PAGE WLC-4 ပြိုင်​ပွဲ အစီစဉ်​တင်​ဆက်​သူ(Ring Announcer)အဖြစ်​ Asia's Got Talent မှ ဂျက်​စတင်​ဘရစ်​တန်​မှ ​ဆောင်​ရွက်​မည်​ ဖေဖော်ဝါရီလ ၁၇ရက်​​နေ့တွင်​ ​နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပပြုလုပ်​မည့်​ WLC-4 ပြိုင်​ပွဲတွင်​ အစီစဉ်​တင်​ဆက်​သူ(Ring Announcer)အဖြစ်​ Asian's Got Talent မှ ဂျက်​စတင်​ဘရစ်​တန်​(Justin Bratton) မှ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။၁၉၈၁ခုနှစ်​တွင်​ အ​မေရိကန်​နိုင်​ငံတက္ကဆက်​၌​မွေးဖွားသည့်​ ဂျက်​စတင်​ဘရစ်​တန်​(Justin Bratton)သည်​ မြန်​မာ​သွေး​နှောသည့်​မိခင်​မှ ဆင်းသက်​လာသူဖြစ်​ပြီး လက်​ရှိတွင်​ Asian's Got Talent အပြင်​ HBO Asia နှင့်​ အခြားနာမည်​ကြီးအစီစဉ်​များတွင်​ အစီစဉ်​တင်​ဆက်​သူအဖြစ်​​ဆောင်​ရွက်​ခဲ့သူဖြစ်​သည်​။ WLC-4 : BARE-KNUCKLE KING (17.2.2017) ========================= ပွဲစဉ်-၁ လိုက်ဝယ်တာ (၆၀-၆၃.၅ကီလို) သွေးသစ်မောင် (အဖြူရောင်သွေးသစ်) Vs လက်သီးမိုး (T&T သထုံ) ပွဲစဉ်-၂ လိုက်ဝိတ် (၅၇-၆၀ကီလို) ချစ်မောင်မောင် (တောင်ကလေး) Vs စည်သူ (T&Tသထုံ) ပွဲစဉ်-၃ ဖယ်သာ(၅၄-၅၇ကီလို) ရွှေစင်မင်း (မြန်မာ)

ခွေးတကောင်ကြောင့် လူ၃၀ခန့် ဆေးရုံရောက်ရ (သတင်းနှင့်ဓာတ်ပုံ : 5 plus news)

Image
ခွေးတစ်ကောင်လှည့်လည်ကိုက်မှုကြောင့်လူ (၃၀) ဦး ဆေးရုံရောက် *************************************************************************** ခွေးရူးလို့ယူဆရတဲ့ ခွေးတစ်ကောင်လိုက်ကိုက်တဲ့အတွက် လူ(၃၀)လောက် ဆေးရုံတတ်ရောက်ဆေးကုသမှုခံခဲ့ရတယ်လို့စစ်ကိုင်းတိုင်းဒေသကြီးမုံရွာပြည်သူ့ဆေးရုံကြီးကသိရပါတယ်။ဖေဖော်ဝါရီ၇ရက်နေ့မနက်ပိုင်းမှာ နန္ဒဝန်ရပ်၊ရတနာပုံရပ် ကနေခွေးတစ်ကောင်ကလူတွေ ကိုလိုက်ကိုက် တာဖြစ်ပါတယ်။  ဒါ့ကြောင့်မုံရွာပြည်သူ့ ဆေးရုံကြီး ကိုဆေးကုသမှုလာရောက်တဲ့လူနေအရေအတွက်ဟာ ဖေဖော်ဝါရီ၈ရက်နေ့မနက်ပိုင်းထိလူနာ၃၀ လောက်ရှိတယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီး ရဲ့ခေတ္တဆေးရုံအုပ်ကြီးဒေါက်တာကိုကိုလေး ကပြောပါတယ်။ ခွေးကိုက် ခံခဲ့ရတဲ့လူနာတွေကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေအခမဲ့ထိုးနှံ့ပေးပြီးလိုအပ်တဲ့ဆေးကုသမှု တွေလည်းလုပ်ဆောင်ပေးကာ တစ်ရက်စောင့်ကြည့်ပြီးဆေးရုံကဆင်းခွင့်ပေး လိုက်ပြီဖြစ်တယ် လို့ဆိုပါတယ်။ ခွေးကိုက်ခံရတဲ့အထဲမှာ အသက်(၇၀) အရွယ်ကနေ (၅)နှစ်အရွယ်ခလေးတွေပါပါဝင်တယ်လို့သိရပါတယ်။ လက်ရှိချိန်အထိကိုက်တဲ့ ခွေးကိုရှာမတွေ့သေးတဲ့အတွက်မုံရွာမြို့အရှေ့ပိုင်းရပ်ကွက်တွေကို သွားလာသူတွေ အနေနဲ့သတိနဲ့သွားလာကြဖို့ကို ရပ်ကွက်အုပ

တရုတ်နိုင်ငံမှာ အသစ်ဖွင့်လှစ်လိုက်တာပါတဲ့

Image
တရုတ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Anshun-Ziyun လမ်းကြောင်း ၃၄.၆မိုင် ရှည်လျားတဲ့လမ်းကြောင်းဖြစ်ပြီး Guizhou ပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ပေးထားတဲ့လမ်းကြောင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ Anshun မြို့မှာစတင်ပြီး Ziyun Miao မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ အခြား အဝေးပြေးလမ် ၅ခုကိုလည်း ချိတ်ဆက်ထားပါသေးတယ်။ Ref : CGTN News #သုတဇုန်