ခွေးတကောင်ကြောင့် လူ၃၀ခန့် ဆေးရုံရောက်ရ (သတင်းနှင့်ဓာတ်ပုံ : 5 plus news)
***************************************************************************
ခွေးရူးလို့ယူဆရတဲ့ ခွေးတစ်ကောင်လိုက်ကိုက်တဲ့အတွက် လူ(၃၀)လောက် ဆေးရုံတတ်ရောက်ဆေးကုသမှုခံခဲ့ရတယ်လို့စစ်ကိုင်းတိုင်းဒေသကြီးမုံရွာပြည်သူ့ဆေးရုံကြီးကသိရပါတယ်။ဖေဖော်ဝါရီ၇ရက်နေ့မနက်ပိုင်းမှာ နန္ဒဝန်ရပ်၊ရတနာပုံရပ် ကနေခွေးတစ်ကောင်ကလူတွေ ကိုလိုက်ကိုက် တာဖြစ်ပါတယ်။
ဒါ့ကြောင့်မုံရွာပြည်သူ့ ဆေးရုံကြီး ကိုဆေးကုသမှုလာရောက်တဲ့လူနေအရေအတွက်ဟာ ဖေဖော်ဝါရီ၈ရက်နေ့မနက်ပိုင်းထိလူနာ၃၀ လောက်ရှိတယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီး ရဲ့ခေတ္တဆေးရုံအုပ်ကြီးဒေါက်တာကိုကိုလေး ကပြောပါတယ်။ ခွေးကိုက် ခံခဲ့ရတဲ့လူနာတွေကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေအခမဲ့ထိုးနှံ့ပေးပြီးလိုအပ်တဲ့ဆေးကုသမှု တွေလည်းလုပ်ဆောင်ပေးကာ တစ်ရက်စောင့်ကြည့်ပြီးဆေးရုံကဆင်းခွင့်ပေး လိုက်ပြီဖြစ်တယ် လို့ဆိုပါတယ်။ ခွေးကိုက်ခံရတဲ့အထဲမှာ အသက်(၇၀) အရွယ်ကနေ (၅)နှစ်အရွယ်ခလေးတွေပါပါဝင်တယ်လို့သိရပါတယ်။ လက်ရှိချိန်အထိကိုက်တဲ့ ခွေးကိုရှာမတွေ့သေးတဲ့အတွက်မုံရွာမြို့အရှေ့ပိုင်းရပ်ကွက်တွေကို သွားလာသူတွေ အနေနဲ့သတိနဲ့သွားလာကြဖို့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကနှိုးဆော်ထားပါတယ် ။
***************************************************************************
သတင်းထောက် …….. မျိုးဝင်းထွန်း ( မုံရွာ)
Comments
Post a Comment