ကာဂျစ်နှင့်မြန်မာ အာရှခြေစစ်ပွဲကို ကိုရီးယားက အင်ချွန်းမြို့မှာကစားဖို့ AFC မှဆုံးဖြတ် (သတင်း 5 plus news ဓာတ်ပုံ မြန်မာဘောလုံးအဖွဲ့ချုပ်)

ကာဂျစ္စတန်နှင့်မြန်မာ အာရှဖလား ခြေစစ်ပွဲစဉ် ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့တွင်ကစားရန် AFC ဆုံးဖြတ်
*********************************

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ကာဂျစ္စတန် နဲ့ မြန်မာ ပွဲစဉ်ကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ Incheon Football Stadium မှာ ယှဉ်ပြိုင်ကစားဖို့ အာရှဘောလုံး အဖွဲ့ချုပ်က ဒီကနေ့ ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင်စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။
အဆိုပါ ပွဲစဉ်ကို ကနဦး ဆုံးဖြတ်ထားတဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲကစားမယ့် အချိန် Kick Off Time ကိုမူ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ မြန်မာ နဲ့ ကာဂျစ်တို့ ဟာ ပထမ အကျော့က ရန်ကုန်တွင် (၂-၂)ဂိုး သရေကျခဲ့ပြီး အုပ်စုတက် ရေးအတွက် ဒုတိယအကျော့ ပွဲစဉ်ဟာ  နှစ်သင်းစလုံးအတွက် အရေးပါဆုံး အဆုံးအဖြတ် ပွဲစဉ်လည်းဖြစ်ပါတယ်။ မြန်မာအသင်း ဟာ ကာဂျစ္စတန် နဲ့ ပွဲကျန် ကစားပြီးနောက် ၅ ရက်အကြာ မတ်လ ၂၇ ရက်နေ့ မှာ မကာအို လက်ရွေးစင် အသင်း နဲ့  ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အုပ်စု(က)မှာ အိန္ဒိယ အသင်းက တစ်ပွဲကျန် ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမ ၊ ကာဂျစ်အသင်းက နှစ်ပွဲကျန် ရမှတ် (၇)မှတ်နဲ့ အုပ်စု ဒုတိယ၊ မြန်မာအသင်းက နှစ်ပွဲကျန် ရမှတ်(၅)မှတ် နဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေပြီး မကာအို အသင်း ကတော့ တစ်ပွဲကျန် ရမှတ်မရသေးပဲ အုပ်စုနောက်ဆုံးနေရာမှာရပ်တည်နေပါတယ်။

Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)