၇ ရက်သားသမီးများအတွက်

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း (22.1.2018မှ28.1.2018)

တနင်္ဂနွေ သားသမီး

ဤအချိန်တွင်ပြည်တွင်းပြည်ပကိစ္စရေးရာအဖြာဖြာဆောင်ရွက်ရရန်အခွင့်အခါကောင်းကျရောက်သောအချိန်ဖြစ်ပါတယ်။စိတ်ကူးသစ်နှင့်လုပ်ငန်းသစ်များဆောင်ရွက်ခြင်ဖြင့်
အထူးခြားသောအကျိုးဆက်များဖြစ်ထွန်းလာမည်။ဖန်စီလုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊ကျောက်မျက်ရတနာရောင်းဝယ်ခြင်လုပ်ငန်းများကောင်း၏။အထူးသဖြင့်တစ်ပါးသူ၏ကြားခံဝင်ရောက်ပြောဆိုမှုများနှင့်မိသားစုတွင်ခေါင်းဆောင်လုပ်ခြင်းများသတိထားရမည့်အချိန်ဖြစ်ပါတယ်။အိမ်မြေယာများဝင်ကိန်းရှိသည်။လူမျိုးကွဲများနှင့်ဆက်ဆံလုပ်ကိုင်သောအလုပ်များကောင်မည်။မေတ္တာရေးတွင်အသေးစားပြဿနာများကိုအကျယ်ချဲ့၍ပဠိပက္ခဖြစ်ကာလမ်းခွဲရခြင်းများကြုံရမည်။အိမ်ထောင်ရေးစိတ်သဘောထားကြီးကြီးထားသင့်သည်။
မသွားလိုသောခရီးများသွားရတတ်သည်။ပညာရေး အထူးကောင်းသည်။ကျန်းမာရေးအဖျားအနာမဖားမည်။နှလုံး၊ဆီံး၊အဂါင်္ဇာတ်အစရှိသောရောဂါများခံစားရတတ်သည်။

အထူးယတြာ။ ဘုရားမှာမေမြို့ပန်း၊အောင်သပြေပန်း၊ကံကော်ပန်းများလှူပေးပါ
တနလာင်္သားသမီး

ဤအချိန်တွင် လုပ်ငန်းပြောင်းလိုစိတ် နေရာပြောင်းလိုစိတ်များဖြစ်နေတတ်သည်။ပြောင်ရွှေ့လုပ်ကိုင်လျှင်ကောင်သည်။ခရီးသွားလာရမည်။ကုန်ရောင်းကုန်ဝယ်လုပ်ငန်များ ၊ခရီး
သွားလာရေးလုပ်ငန်းများကောင်သည်။အချစရေးတွင်ကြားလူဝင်ပြီးအနှောင်အယှက်ပေးတတ်သည်သတိထားပါ။အိမ်ထောင်ရေးကတော့အဆင်ပြေစရာများဖြစ်လာမည်။ရပ်ဝေးရောက်သားသမီးများမှသတင်းကောင်းကြားရမည်။ပညာရေးနှင့်လူမူရေးရှုပ်ထွေးမှုကြောင်းပညာရေးနှောင့်နှေးတတ်သည်။ကျန်းမာရေးရောဂါဘယအမျိးမျိးနှိတ်စက်ခြင်းခံရမည်။အထူးသဖြင့်အတွင်းကျိတ်နာဖြစ်တတ်သည်။ခွဲစိတ်ကုသမှုမထားခံယူခြင်းပေါ်ပေါက်လာတတ်သည်။

အထူးယတြာ။ ကော်ဖီမစ်ထုပ်ခေါက်ဆွဲထုပ်များလှူပေးပါ

အဂါၤ သားသမီး
စိတ်ကူးထားလုပ်ငန်းများဦးစားပေးလုပ်ကိုင်ရမည့်အချိန်ဖြစ်ပါတယ်။အောင်မြင်မှုရရှိမည်။စီးပွားရေးတိားချဲ့လုပ်ကိုင်ရမည်။မိမိဩဇာတန်ခိုးအာဏာများထက်မြက်ပေါ်လွင်မှုရှိလာမည်။ ဝန်ထမ်းလုပ်ကိုင်သူများ ရာထူးတိုးမည်။ပညားရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားခရီးသွားရတတ်သည်။ငွေကြေးကိစ္စများနှင်ပတ်သက်ပြီး အမှုအခင်းများကြုံရတတ်
သည်။အချစ်ရေးကံကောင်းပြီးအဆင်ပြေနေမည်။အိမ်ထောင်ရေး တစ်ပါးသူ အတွက်မိမိဂုဏ်သိက္ခာကျဆင်းတတ်သည်။အနုပညာနှင့်ဖန်းတီမှုများကိုထိရောက်စွာဝေဖန်ခံရ
မည်။ကျန်းမာရေး ဦးခေါင်း နှင်ပတ်သက်ပြီး အရိုးအဆစ်ရောဂါများလေရောဂါများဖြစ်တတ်သည်။

အထူးယတြာ။ ဘုရားမှာ သောက်တော်ရေ၅ခွက် ၊ယို၅မျိုးလှူပေးပါ။

ဗုဒ္ဓဟူး သားသမီး

ဤအချိန်တွင် စိတ်ကူးအိမ်မက်တွေနှင်ဖြစ်ပြက်နေတာများလွဲနေတတ်သည်။စိတ်ကူးထားတာတစ်ခုကြုံတွေ့နေတာကတစ်ခုဖြစ်နေမည်။အပေါင်းအသင်းကြောင့် မိမိဂုဏ်သိက္ခာများကျဆင်တတ်သည်။သတိထားရမည့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းသစ်များမှ အတွေ့အကြုံ ဗဟုသုတ များရရှိမည်။မိမိပိုင်ဆိုင်သောပစ္စည်းများငှါးရမ်းခြင်းကိစ္စများသတိ
ထားဆောင်ရွက်ပါ။အချစ်ရေး ကံကောင်သည်။ စိတ်ပျော်ရွှင်မှုရမည်။အိမ်ထောင်ရေးသာယာမည်။ ကျန်းမာရေး နှလုံးရောဂါ၊ထုံနာကျဉ်နာရောဂါများဖြစ်တတ်သည်။

အထူးယတြာ။ ဘုရာမှာ နှင်းဆီ၊သပြေညွှန့် မာလာကာညွှန့် ယပ်၈ချောင်း၊ရွှေထီး၁၁လက်လှူပေးပါ။

ကြာသပတေး သားသမီး

လုပ်ငန်းကိစ္စများဦးစီးပြီး ရှေ့ဆုံးမှဦးဆောင်လုပ်ရမည်။ကိုယ်ပိုင်လုပ်ငန်များမှာထူးထူးခြားခြားငွေဝင်ကိန်ရှိသည်။ကုမ္ပဏီထူထောင်ခြင်း၊ဘဏ်လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရမည်။လုပ်ငန်းကိစ္စအတွက်ခရီးများမကြာခဏသွားရမည်။အိမ်ခြံမြေဝင်မည်။ အဆောက်အဦး မဖားဆောက်လုပ်ရမည်။အားကိုးအားထားခံအပ်ထားသောသူများကို့ကြားဝင်ဖြက်၍
လုပ်ငန်းကိစ္စများနှောင့်နှေးတတ်သည်။ကျောက်မျက်ရတနာပစ္စည်းများအလိမ်ခံရတတ်သည်။အချစ်ရေး မိမိဆန္ဒနှင်တိုင်ဆိုင်မှုဝေးကွာခြင်းများခဏခဏကြုံရမည်။မိမိထက်အသက်ကြီးသောသူတို့နှင့်ဆုံဆည်းရတတ်သည်။အိမ်ထောင်ရှင်များသားသမီးထွန်းကားပြီးစီးပွားရေးတိုးတက်လာမည်။ပညာရေးမိမိမျှော်မှန်းထားသောပညာရပ်ကိုဆည်းပူးခွင်းရမည်။ကျန်းမာရေး ခါးနှင့်အောက်ပိုင်းရောဂါများဖြစ်တတ်သည်။

အထူးယတြာ။ ဘုရားမှာ အုန်းရည် နှင့် အုန်းထမင်း လှူပေးပါ ။

သောကြာသားသမီး

ဤအချိန်တွင် လုပ်ငန်းခွင်တိုးချဲ့ရန်ဆန္ဒရှိသောလည်းသတိတရားဖြင့်လုပ်ကိုင်သင့်သည်။အကောင်းအဆိုးဒွန်တွဲလျက်ရဖိနေမည်။လေကြောင်းခရီးသွားရမည်။မွေးမြူးရေးလုပ်ငန်းများရွှေထည်ငွေထည်လုပ်ငန်းများ၊စက်ဆီချောဆီလုပ်ငန်းများအဆင်ပြေမည်။စက်ပစ္စည်းများဝင်မည်။ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများကျပျောက်တတ်သည်ရည်စားအပေါ်အချစ်ကြီး၍မကြာခဏဒေါသထွက်နေရတတ်သည်။အချစ်ရေးပြဿနာများဖြစ်တတ်သည်။အိမ်ထောင်ရှင်များတစ်ဦးနှင့်တစ်ဦးမယုံကြည်စရာများဖြစ်လာ
တတ်သည်။ပညာရေးကံကောင်းသည်။ကျန်းမာရေးသွေးအားနည်းခြင်း၊အာရုံကြောရောဂါများဖြစ်တတ်သည်။

အထူးယတြာ။ ဘုရားမှာ ငချိပ်ပေါင်း၊ဘယကြော်လှူပေးပါ

စနေသားသမီး

ဤအချိန်တွင် ပေါ်ပေါက်လာသောစိတ်ကူးများကိုလက်တွေ့အောင်မြင်မှု ရသောအချိန်ဖြစ်သည်။လုပ်ငန်းနေရာသစ်တိုးချဲ့လုပ်ကိုင်ပါကအောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုး
တက်ပြီး နေရာအနှံ့နြ့်နှံသွားက်န်းရှိသည်။လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်များနှင့်ဆက်ဆံရမည်။စက်ပစ္စည်းများဝင်မည်။အစုရှယ်ယာလုပ်ငန်းများ၊ငွေကြေးကိစ္စရပ်များချေးငှါးခြင်းသတိပြုဆောင်ရွက်ပါ။အများသဘောတူညီမှုကြောင့်လူမူရေး၊ဘာသာရေး၊နိုင်ငံရေးကိစ္စများဆောင်ရွက်ရမည်။အချစ်ရေးမှာ ယုံကြည်မှု အားနည်းတတ်သည်။အိမ်ထောင်ရှင်များရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်လာတတ်သည်။ပညာရေး ထူးချွန် ထက်မြတ်၍ ဆုများရရှိတတ်သည်။ပညာရေးနှင့်ပတ်သက်ပြီးမိတ်ဆွေကောင်းများရရှိမည်။ ကျန်းမာရေး လေနှင်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။

အထူးယတြာ။ ဘုရားမှာနွားနိုးလှူပေးပါ။

Credit:Dkhit.com

Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)