Myanmar Idol S3 ပြိုင်ပွဲဝင်မည့်သူများအတွက်သိသင့်သောအချက်အလက်များ

Myanmar Idol Season 3 ပြိုင်ပွဲဝင်မည့်သူများအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်

Myanmar Idol Season 3 မှာ ဝင်ပြိုင်ဖို့ဆုံးဖြတ်ထားတဲ့သူတွေ Ready ပဲလား??
ပြိုင်ပွဲရက်ကလည်း သိပ်မလိုတော့ဘူးဆိုတော့ အားလုံးလည်း ရင်ခုန်နေကြမယ် ထင်ပါတယ်နော်။
ဒီတော့.. Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဂီတဝါသနာရှင်လေးတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေနဲ့ လာပြိုင်တဲ့အခါ အဆင်ပြေစေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

• ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ဘယ်လိုထုတ်ယူရမလဲ?
 အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Sky Net RSP ရုံးများနဲ့ SHWE FM ရုံးတို့မှာ ပြိုင်ပွဲဝင်လျှောက်လွှာ(Form) တွေကို ထုတ်ယူနိုင်ပါတယ်။ မခက်ပါဘူးနော်။

• ပဏာမအသံစစ်ဆေးတဲ့နေ့၊ အသံစစ်ဆေးမယ့်နေရာရောက်မှ ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ကို ထုတ်ယူပြီး တစ်ခါတည်းယှဉ်ပြိုင်လို့ ရပါသလား?
 သိပ်ရတာပေါ့..။ ပဏာမအသံစစ်ဆေးတဲ့နေ့၊ အသံစစ်ဆေးမယ့်နေရာမှာလည်း ပြိုင်ပွဲဝင်လျှောက်လွှာ(Form) တွေကို အလွယ်တကူ ထုတ်ယူလို့ရအောင် စီစဉ်ပေးထားမှာပါ။

• ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ပိတ်ရက် ရှိပါသလား?
 ရန်ကုန်မြို့ရဲ့ ပဏာမအသံစစ်ဆေးမှု နောက်ဆုံးနေ့က ပြိုင်ပွဲဝင်လျှောက်လွှာ(Form) ပိတ်ရက် ဖြစ်ပါတယ်။ တခြားမြို့တွေမှာ မမီလိုက်ရင်လည်း ရန်ကုန်ကို လာပြိုင်လို့ ရပါတယ်နော်။

• အခကြေးငွေ ပေးဆောင်ဖို့လိုပါသလား?
 ဘယ်လိုအခကြေးငွေမျိုးကိုမှ ပေးဆောင်ဖို့မလိုပါဘူးနော်။ အကုန်လုံး အခမဲ့ပါပဲ။

• ပဏာမအသံစစ်ဆေးတဲ့နေ့မှာ ဘာတွေလိုအပ်သေးလဲ?
 ပြိုင်ပွဲဝင်လျှောက်လွှာ(Form) အပြင် မှတ်ပုံတင်မူရင်းနဲ့ လိုင်စင်ဓာတ်ပုံ(၁)ပုံတော့ ယူခဲ့ဖို့လိုပါတယ်။

• မှတ်ပုံတင်မပါရင် ပြိုင်လို့မရတော့ဘူးလား?
 မှတ်ပုံတင်မပါရင်တော့ လုံးဝယှဉ်ပြိုင်ခွင့် ရမှာမဟုတ်ပါဘူး။

• အသက်အကန့်အသတ်ရှိပါသလား?
 အသက် အကန့်အသတ်ရှိပါတယ်။ အသက် ၁၆ နှစ်ကနေ အသက် ၃၀ အထိ ကျား၊မ မည်သူမဆို ဝင်ပြိုင်လို့ရပါတယ်။ အသက် ၃၀ ကျော်ရင်တော့ ပြိုင်ခွင့်မရှိပါဘူး။ အသက် ၁၆ နှစ်အောက်အရွယ်တွေ ပြိုင်ချင်တယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ပါရင် ပြိုင်လို့ရပါတယ်။

• အိမ်ထောင်ရှိသူတွေ  ပြိုင်လို့ရပါသလား?
 ရပါတယ်။ အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အပျိုလူပျိုပဲဖြစ်ဖြစ် အသက် ၃၀ မကျော်ရင် ပြိုင်လို့ရပါတယ်။ ဂီတအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Myanmar Idol ကနေ နွေးထွေးစွာကြိုဆိုလျက်ပါ။

• ပဏာမအသံစစ်ဆေးတဲ့နေ့မှာ ဘာတွေယူလာဖို့လိုသေးသလဲ?
 ပဏာမအသံစစ်ဆေးတဲ့နေ့မှာ လာပြိုင်တဲ့သူတွေ အရမ်းများမှာတော့ သေချာပါတယ်။ အဲ့ဒီတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင်ရတဲ့အချိန်လည်း ကြာနိုင်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင်တွေအနေနဲ့ သောက်ရေ၊ ဗိုက်ဆာရင်စားဖို့ အစားအစာတွေ ဆောင်ထားဖို့တော့လိုပါတယ်။
 ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုပ် ယူလာရင် ပိုကောင်းပါတယ်။
 မိမိကျန်းမာရေးအတွက် သောက်သုံးရတဲ့ ဆေးဝါးတွေရှိရင်လည်း တစ်ခါတည်း ယူခဲ့စေချင်ပါတယ်။

• ဘယ်လိုဖက်ရှင်မျိုး ဝတ်ဆင်လာရမလဲ?
 ကိုယ်ကြိုက်နှစ်သက်တဲ့ ဖက်ရှင်နဲ့ လာပြိုင်နိုင်ပါတယ်။ အမြင်မတင့်တယ်တဲ့ ဝတ်စားဆင်ယင်မှုမျိုး မဟုတ်ရင်ပြီးတာပါပဲ။

• ဂီတတူရိယာတွေ ယူခဲ့ဖို့လိုသလား?
 ပဏာမအသံစစ်ဆေးတဲ့နေ့မှာတော့ အသံချည်းသက်သက်ပဲ စစ်မှာပါ။ ဂီတတူရိယာတွေ ယူမလာလည်း ရပါတယ်။ ဒါပေမယ့် ဝါသနာတူသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သီချင်းတွေဆိုရင်း မိတ်ဖွဲ့ချင်တယ်ဆိုရင်တော့ ယူလာခဲ့ပေါ့နော်။

• Myanmar Idol နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုသိနိုင်မလဲ?
 Myanmar Idol Official Facebook Page ကို Like & See First လုပ်ထားပြီး  Myanmar Idol နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူသိနိုင်ပါတယ်။

Comments

  1. Myanmar Idol Season 4 Result Live
    Myanmar Idol Season 4 Live

    Pakistan Education News Read Online Books NTS Results
    https://itnewsnet.com

    ReplyDelete
  2. How to make money from betting on sports: 7 easy tips for beginners
    Making money from betting on sports: 7 choegocasino easy tips for beginners · 1. 인카지노 Choose your betting platform · 2. Choose a strategy · 3. Find the right betting odds · 4. หารายได้เสริม Find

    ReplyDelete

Post a Comment

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)