အဌာရသ ၁၈ ရပ်ဆိုသည်မှာ (credit : သမိုင်းကြောင်း အစုံအလင် )

အဌာရသ (၁၈) ရပ် ဆိုသည်မှာ

ရှေးသမိုင်း ၊ ပုံပြင် ၊  ဒဏ္ဍာရီများကိုဖတ်မိလျှင် ဘုရင်မျိုးနွယ် ၊ မင်းညီမင်းသားများသည် အရွယ်ရောက်ပါက တက္ကသိုလ်ပြည်သို့သွားကာ ဒီသာပါမောက္ခဆရာကြီးထံတွင် အဌာရသ ပညာရပ်များကို သင်ကြားတဲ့အကြောင်း မကြာခဏတွေ့ဖူးပါလိမ့်မယ်။ မသင်မဖြစ်သင်ရတဲ့ ပညာတွေလို့ ဆိုပါတယ်။
ထို ယောက်ျားတို့တပ်အပ်သော အဌာရသ (၁၈) ရပ် တို့မှာ အမျိုးအစား စုံလင်လှသည်။ ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန်လျှင်ပင် ဆရာတစ်ဆူလုပ်လို့ရသည်။ (၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။ စာတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိန် က ၃ နှစ် လို့ကြားဖူးပါတယ်။ ၃နှစ်တည်းနဲ့ ဒီလောက်စုံလင်တဲ့ လက်ရုံးရည် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။ ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာ မေဂျာယူသလို သူတို့လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။

ထို အဌာရသ ပညာရပ် ၁၈ ရပ်က ဘာတွေလဲ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ အဌာရသ ၁၈ ရပ်မှာကား အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ အကြားအမြင်အတတ် (သုတိ)
၂။ ဓမ္မသတ်တတ်ကျွမ်းမှုအတတ် (သမ္မုတိ)
၃။ အရေအတွက် ဂဏန်းသချာင်္ အတတ် (သင်္ချာ)
၎။ တံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်(ယောဂါ)
၅။ အကျင့်ဆိုင်ရာ ဆုံးမမှု အတတ် (နိတိ)
၆။ ယာယီ ၊ ယတြာ စသောဗျာကရိုဏ်အတတ် (၀ိသေသကာ)
၇။ သီဆိုကခုန်မှု ကဗျာ၊ ဂီတ၊ လင်္ကာ အတတ် (ဂန္ဓဗ္ဗာ)
၈။ လက်ဆစ်ချိုး၍ ရေတွက်ဟောပြောသော အတတ် (ဂဏိကာ)
၉။ လေးမြှား အတတ် (၀နုဗေဒါ)
၁၀။ ရှေးဟောင်းစကား ၊ ကျမ်းဂန် အတတ်(ပုရာဏ)
၁၁။ ဆေးပညာ အတတ်(တိကစ္ဆက)
၁၂။ ရယ်ရွှင်ဖွယ် အတတ် (ဣတိဟာသ)
၁၃။ ဗေဒင် အတတ်(ဇောတိ)
၁၄။ ဖုံးကွယ်လှည့်ပတ်မှု အတတ်(မာယာ)
၁၅။ ဆန်းကျမ်း အတတ် (ဆန္ဒတိ)
၁၆။ သံတမာန် အတတ်(ကေတု)
၁၇။ မန္တန် အတတ် (မန္တာ)
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ် (သဒ္ဒါ)

Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)