၂၀၂၀ တိုကျိုအိလံပစ် မြန်မာအမျိုးသား/အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ( သတင်းကူး မြန်မာဘောလုံးအဖွဲ့ချုပ်မှ)

၂၀၂၀ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲသို့ မြန်မာအိုလံပစ် အမျိုးသားနှင့် အမျိုးသမီးအသင်းများ ခြေစစ်ပွဲအဆင့်မှ စတင်ဝင်ရောက် ယှဉ်ပြိုင် ကစားမည်
=================================================

Olympic Football Tournament 2020 (Tokyo) အိုလံပစ်ဘောလုံးပွဲစဉ်များအား မြန်မာ့လက်ရွေးစင် အမျိုးသား အိုလံပစ် အသင်းနှင့် အမျိုးသမီး အိုလံပစ် အသင်းတို့ ခြေစစ်ပွဲအဆင့်မှ စတင်ကာ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲများအား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ  ၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

 မြန်မာ အမျိုးသား အိုလံပစ် အသင်းအနေဖြင့် AFC U23 Championship ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ်မတ်လတွင် ဦးစွာ ၀င်ရောက်ကစားရမည် ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ပါက နောက်ဆုံးအဆင့် ပွဲစဉ်များတက်ရောက် ကစားရမည်ဖြစ်သည်။ အဆိုပါ AFC U23 နောက်ဆုံးအဆင့် Final Round ပွဲစဉ်များ ကစားပြီးပါက ချန်ပီယံ အသင်း၊ ဒုတိယဆုရ အသင်းနှင့် တတိယ ဆုရ အသင်းများသည် တိုကျိုအိုလံပစ် ၂၀၂၀ ဘောလုံးပွဲစဉ်များသို့ အလိုအလျောက် ယှဉ်ပြိုင်ကစားခွင့် ရမည်ဖြစ်သည်။

အမျိုးသမီးအသင်းများမှာမူ ခြေစစ်ပွဲများ ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲကစားရမည့် အုပ်စုများအား အာရှဘောလုံး အဖွဲ့ချုပ်မှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

photo: the mff

Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)