ကမ္ဘာ့မီဒီယာဘုရင် ရူးပတ်မားဒေါ့

ကမ္ဘာ့မီဒီယာဘုရင် ရူးပတ်မားဒေါ့( Rupert Murdoch)

ရူးပတ်မားဒေါ့ဆိုသောနာမည်ကို မြန်မာပြည်သူများ အနည်းငယ်စိမ်းနေမည်ဖြစ်သည် 20th Century Fox ရုပ်ရှင်ကုမ္ပဏီကိုတော့ လူတိုင်းသိကြလိမ့်မည် ထိုကုမ္ပဏီကို ပိုင်ဆိုင်သူပင်ဖြစ်သည် ထိုမျှမကသေးပေ ရူးပတ်မားဒေါ့ရဲ့ ကမ္ဘာလေးတွင် Technology ၆ ခု , Entertainment ၁၃ခု , Publishing ၃ခု, Nwespaper ၈ခုတို့ကို ပိုင်ဆိုင်ထားသည်

မားဒေါ့ကို သြစတြေးလျနိုင်ငံ တွင် ၁၉၃၁ ကမွေးဖွားခဲ့သည် ငယ်စဉ်ဘဝက အဘိုးဖြစ်သူ တရားဟောဆရာ လုပ်ခဲ့သော Toorak Presbyterian Church တွင်လည်းကောင်း Geelong Grammar ကျောင်းတွင်းလည်းကောင်း Flemington Race Course တွင်လည်းကောင်း ပညာသင်ကြားခဲ့သည်

မာေးဒါ့မိသားစုသည် Free Church of Scotland မျိုးနွယ်စုဝင်များဖြစ်ပြီး မိခင်ဖြစ်သူ Dame Elisabeth ထံမှ ရဲရဲတောက် သံန္နိဋ္ဌန်ချတတ်သောစိတ်နှင့် စွန့်စားမှုကိုမြတ်နိုးသောစိတ် အမွေကိုရခဲ့သည်

မားဒေါ့သည် Geelong Grammar ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ကျောင်းအားလပ်ရက်များတွင် ဖခင်ပိုင်ဆိုင်သော The Melbourne Herald တွင်အလုပ်လုပ်သည် 1950 ခုနှစ်တွင် သူ့ကို England ရှိ Oxford University's Worcester College ကိုပို့ကာ ပညာသင်ကြားစေသည်

မားဒေါ့သည် ဘောဂဗေဒဘာသာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၁၉၅၂ ခုနှစ်တွင်ဘွဲ့ရခဲ့သည် ထို့နောက် သူသည် Fleet Street ရှိ ဗြိတိသျှ သတင်းစာလောကတွင် အထွတ်အထိတ်ရောက်နေသာ Lord Beaverbrook's Daily Express တွင်လက်ထောက်အယ်ဒီတာတစ်ဦးအဖြစ် ဝင်ရောက်အလုပ်လုပ်ခဲ့သည်

မားဒေါ့သည် ဖခင်ခြေလှမ်းကို အေးအေးဆေးဆေး ဇွဲနပဲကြီးစွာဖြင့် လိုက်နိုင်သူဖြစ်သည် ဖခင် Sir Keith Murdoch တွင် ရိုးရာအစဉ်အလာမပျက် လုပ်နေသော သတင်းစာဂုရုကြီးဖြစ်သည် 1952 ခုနှစ် ဘွဲရအပြီးတွင် ဖခင်ထံမှ Adelaide News သတင်းစာတိုက်နှင့် Sunday Mail သတင်းစာတိုက်တို့ကို အမွေဆက်ခံရရှိခဲ့သည်

1960 ပြည့်နှစ်တွင် မားဒေါ့သည် The Sydney Daily Mirror ကို စတင်ဝယ်ယူခဲ့ပြီး ရုပ်မြင်သံကြားဈေးကွက်ကို စမ်းသပ်ခဲ့သည်

မားဒေါ့ရဲ့ဖြစ်ချင်စိတ်ကို တွန်းပို့လိုက်သည့် သတင်းစာမှာ သြစတြေးလျနိုင်ငံရဲ့ ပထမဆုံးနိုင်ငံပိုင်သတင်းစာ The Australian သတင်းစာဖြစ်သည် ထိုသတင်းစာကို 1964 တွင် စတင်ထုတ်ဝေခဲ့သည် ထိုသတင်းစာက မားဒေါ့ကိုစွမ်းအားများပေးသည်ဖြစ်ရာ မားဒေါ့သည် သြစတြေးလျ၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည် ယင်းသတင်းစာသည် နိုင်ပေါင်းကာလကြာရှည်စွာ အရှုံးများပေါ်ခဲ့သော်လည်း သူ့ဘဝတွင် မှတ်တိုင်တခုအဖြစ် စိုက်ထူနိုင်ခဲ့ပါသည်

1969 ခုနှစ်တွင် ပထမဆုံးနိုင်ငံတကာလုပ်ဆောင်မှုအဖြစ် News of The World အမည်ရှိ တနင်္ဂနွေထုတ် ဗြိတိသျှသတင်းစာကို ဝယ်ယူလိုက်သည် တနင်္ဂနွေ သတင်းစာဖြစ်သော News of The World သတင်းစာမှာ ကနဦးထုတ်ဝေသော သတင်းစာပင်ဖြစ်သည် လန်ဒန်သတင်းစာလောကတွင် Fleet Street ဟု အမည်တွင်သော ထိုင်သတင်းစာမှာ အလွန်ရှေးကျနေပြီး သတင်းစာစွမ်းရည် ပြည့်ဝမှုမရှိသဖြင့် အောင်မြင်မှုမရခဲ့ပေ

သို့ဖြစ်ရာမားဒေါ့သည် လူထုကြိုက် သတင်းပညာရပ်တခုကို ပုံစံအသစ်ဖြင့် ထူထောင်နိုင်ရန် ၁၉၆၉ ခုနှစ်တွင် The Sun သတင်းစာကို ဗြိတိသျှ သတင်းစာများထက် ပေါင်၅သိန်း လျော့နည်းကာ ဝယ်ယူခဲ့သည် ဤအရာသည်လဲ မားဒေါ့အတွက် အမှားတခုပင်ဖြစ်ခဲ့ရသည် လူပြိန်းကြိုက်သတင်းစာဈေးကွက်သို့ ရောက်ရှိသွားပြီး စာမျက်နှာထက်တွင် ဗလာကျင်းသောအမျိုးသမီးခန္ဓာကိုယ်ပုံများဖြင့် အလွန်အောက်တန်းကျသော သတင်းစာတစောင်အဖြစ် နာမည်ကြီးခဲ့ရသည်

The Sun နှင့် News of The World သတင်းစာ ၂ စောင်မှာ မားဒေါ့၏ကော်ပိုရေးရှင်းအင်ပါယာတွင် နှစ်ပေါင်း ၃၀ ကြာ အကျိုးအမြတ်များရရှိပြီး News Corporation အမည်ဖြင့် ပေါင်းစည်းစောင်ရွက်ခဲ့သည် မားဒေါ့က ၁၉၈၁ ခုနှစ်တွင် The Time သတင်းစာကို ဝယ်ယူကာ သူ၏ဘဝတွင် စာမျက်နှာသစ် ထပ်မံဖွင့်လှစ်ခဲ့ပြန်သည် ဝယ်ပြီးရင်းဝယ်ဟု ဆိုရမည် မားဒေါ့သည် ၁၉၈၅ တွင် Fox Studio ကိုလည်းကောင်း ၁၉၈၆တွင် Metromedia ကိုလည်းကောင်း ၁၉၈၈တွင် TV-guide အတွက် Walter Anneberg ကိုလည်းကောင်း ဝယ်ယူခဲ့သည်

1993 တွင် မားဒေါ့ပိုင်သော News York Post သတင်းစာဒေဝါလီခံရမည့်အရေးမှ ရှင်သန်လာအောင် ဆောင်ရွက်ခဲ့အပြီး အာရှတခွင်ကို လွှမ်းခြုံထားသော ဟောင်ကောင်ဂြိုလ်တု ဆက်သွယ်ရေးတခုဖြစ်သည့် Star TV ၏ ၆၃.၃% ကို ဝယ်ယူကာ CBS မှ NFL အသံလွှင့်ခွင့်များကိုပါ တပါတည်းဝယ်ယူခဲ့သည်

မားဒေါ့သည် လက်တင်အမေရိကတွင် Fox Sports Americas ကို တည်ထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အိမ်ထောင်စု သန်း၄၀ ကျော် ကြည့်ရှုနိုင်သည့် Fox News ကိုတည်ထောင်ခဲ့သည် ထို့အပြင် News Corp က New World Communication ကိုအရယူပြီး ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ဂြိုလ်တုများဆောင်ရွက်ခဲ့ခြင်း များလုပ်ဆောင်ခဲ့သည် မားဒေါ့သည် သြစတြေးလျတွင်မွေးဖွားပြီး သြစတြေးလျနိုင်ငံသားတယောက်မဟုတ်ပါ အမေရိကန်ကိုရောက်ရင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူလိုက် ဗြိတိန်ကိုရောက်ရင် ဗြိတိန်နိုင်ငံသားအဖြစ်ခံယူလိုက်နှင့် စီးပွားရေး အချက်အချာကျသောနေရာစုံတွင် နိုင်ငံသားအဖြစ်ခံယူပြီး စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားလုပ်ကိုင်ခဲ့သည်

မားဒေါ့ ဦးစီးပိုင်ဆိုင်နေသော လုပ်ငန်းများကို အုပ်စုခွဲကာ ဖော်ပြပေးလိုက်ပါသည်

Technology ပိုင်းဆိုင်ရာလုပ်ငန်းများ

1 Delphi Internet Services

2 Etak Inc.

3 Fox Interactive

4 Harper Collins News Media

5 Kesmai Corp

6 News Electronic Data

Entertainment ပိုင်းဆိုင်ရာလုပ်ငန်းများ

1 Fox Broadcasting Network

2 Fox TV Station (22 Station)

3 Fox News

4 Fox Sports Network

5 Fox Family

6 FX

7 SF Broadcasting

8 20th Century Fox

9 20th TV

10 J Sky Broadcasting

11 British Sky Broadcasting

12 Fox life (Star World)

13 Los Angeles Dogers

Publishing ဆိုင်ရာလုပ်ငန်းများ

1 Harper Collins

2 Mirabella

3 The Time Literary Supplement

သတင်းစာများ

1 New York Post

2 Weekly Standard (Washinton)

3 News of The World (UK)

4 The Sun (UK)

5 The Sunday Time (UK)

6 The Time (London)

7 Sydney Sunday (Australia)

8 Daily Telegraph (Australia)

9 Melbourne Herald Sun (Australia)

photo: သက်ဆိုင်ရာများမှ




Comments

Popular posts from this blog

yangon postal code ( မေသတင်းရပ်ကွက်မှ ကူးယူဖော်ပြသည်)