R You Ready YANGON! - Myanmar Idol Season 3 ရဲ့ နောက်ဆုံး အသံစစ်ဆေးမှုများဖြစ်တဲ့ Yangon မြို့ရဲ့ နေ့ရက်များကတော့ ရောက်ရှိလာပါပြီ။ Febuary 20/21/22 နေ့တွေမှာ အသံစစ်ဆးမှု များကို ရန်ကုန်မြို့၊ တာမွေ အရှေ့မြင်းပြိုင်ကွင်းလမ်း မှာရှိတဲ့ ရွှေထွဋ်တင်ကွင်းကြီးထဲက Hexagon Complex ထဲမှာကျင်းပပြုလုပ်မှာ ဖြစ်လို့ ပြိုင်ပွဲဝင်များအနေနဲ့ နောက်ဆုံးအခွင့်အရေးအဖြစ်လက်လွတ်မခံဖို့ပြောပါရစေ။ ပြိုင်ပွဲဝင်လူငယ်ပေါင်းများစွာ လာရောက်အသံစစ်ဆေးမှာဖြစ်လို့ ပြိုင်ပွဲဝင်များအတွက်တစ်ပါတည်း ယူဆောင်လာရမည့် လိုအပ်ချက်များကိုလည်း အသိပေးပါရစေ။ - မှတ်ပုံတင်(သို့) ပုံစံ(၁၀) အိမ်ထောင်စုစာရင်းယူ ဆောင်လာရပါမည်။ - ရာသီဥတုပူပြင်းသည့်အတွက် မိမိလိုအပ်သည့်ဆေး ဝါးပစ္စည်းများ၊ အစားအသောက်များ နှင့် ထီး ယူ ဆောင်လာရပါမည်။ဓါတ်ဆားရည်/ ရေဓါတ်ပြန် လည်ဖြည့်တင်ပေးသောအချိုရည်များ ယူဆောင် လာရပါမည်။ - ပေါ့ပါးသောအဝတ်အစားနှင့် သက်တောင့်သက် သာရှိသောဖိနပ်ကို ဝတ်ဆင်လာပါရန် - အသက် (၁၈) နှစ်မပြည့်သေးသော ပြိုင်ပွဲ ဝင်များအနေနှင့် အ...