တခါက ရွာတရွာမှာ ကာလသားခေါင်းရှိတယ် သူတို့တွေက တလကို တခါ အမျိုးသားတွေ စုပြီးအစည်းအဝေးပြုလုပ်ကြတယ် ရွာထဲမှာ တာဝန်ယူကြရတဲ့ ကိုယ့်အပိုင်းမှာ လိုအပ်ချက်တွေကို အသီးသီး စာနဲ့ ရေးပြီးတင်ပြကြတယ် ဒီအထဲမှာ စာမတတ်သူတွေလဲ ပါကြတယ် ကာလသားခေါင်းက စာတွေဖတ်ပြီး မှတ်ချက်ပေးတယ် အားလုံးထဲမှာ အသီးသီးစာတွေရေးတင်ကြပေမယ့် လူတစ်ယောက်က စာလဲမတင် ဘာမှလဲမပြောပဲနေတယ် ဒါကို ကာလသားခေါင်းကသိတော့ သူကိုခေါ်တယ် သူက ထိုင်နေရာမှ ကာလသားခေါင်းအနားထသွားပြီး ကျကျကျကျွန်တော့်မှာ တင်တင်တင်ပြစရာ ရှိရှိရှိပါတယ် လို့ပြောတော့ ကာလသားခေါင်းကပြန်ပြောလိုက်တာက တင်တင်တင်ပြစရာ ရှိရှိရှိရင်လဲ ပြောပြောပြောလေ မင်းမင်းမင်းစာမတတ်ဘူးဆိုတာ သိသိသိပါတယ်တဲ့